ကျိုက်မ​ရော၌ အသက် နှစ်လမှ တစ်နှစ်ခွဲအရွယ်ထိ လစဉ်ပုံမှန်ကာကွယ် ​​ဆေးထိုး​ဆေးတိုက်ခြင်း​ ဆောင်ရွက်​

ကျိုက်မရော နိုဝင်ဘာ ၂၇

ကျိုက်မရော မြို့နယ်အတွင်းရှိ  ​အသက်နှစ်လမှ တစ်နှစ်ခွဲအထိကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း လုပ်ငန်းကို နေ့နံနက် ၉နာရီ မှစ၍ ရန်မျိုးအောင်ရပ်ကွက်  ​ကျန်းမာရေးဆေးပေးခန်း၌  ​ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

အဆိုပါဆေးထိုးဆေးတိုက်ခြင်းဆောင်ရွက်ရာ၌ ကျန်းမာရေးဝန်ထမ်းများက အသက်နှစ်လမှ  တစ်နှစ်ခွဲထိ ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်- ၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ  ပါးစပ်ပိတ်နှာခေါင်းစည်း Maskများ တပ်ဆင်စေခြင်း ဆေးခန်းအတွင်းမဝင်ခင် လက်သန့်ဆေးရည်များဆေးခြင်း၊ Face Shield အကာများကို ကလေးမိခင် များနှင့် က​​​လေးငယ်များအား တပ်ဆင်၍တစ်ဦးနှင့် တစ်ဦး ပေအကွာတွင်ထား၍ လူစုလူဝေးမဖြစ်ပေါ်စေရန်အလှည့်ကျစနစ်ဖြင့်ဆေးထိုးဆေးတိုက်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေ့ဆေးထိုးဆေးတိုက် အစီအစဉ်တွင် အသက် နှစ်လမှ တစ်နှစ်ခွဲအထိ  ဝမ်းရောဂါ ကာကွယ်ဆေး၊ အရွယ်အလိုက် လစဉ်ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊မေးခိုင် ကာကွယ် ဆေးများကို ထိုးနှံပေးပြီး ကိုဗစ်-၁၉ရောဂါထိန်းချုပ် ရေးအတွက် စနစ်တကျ လက်ဆေးနည်းများ မိမိကစ၍ ကိုဗစ်ရောဂါကာကွယ်ပါ စသည့်အသိပညာပေး လက်ကမ်းစာစောင်များကိုပါ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ် သူနာပြုအုပ်ဆရာမကြီးဒေါ်သိန်းသိန်းမွန်ထံမှ သိရသည်။

ချိုချို(ပြန်/ဆက်)