ဒဂုံ နိုဝင်ဘာ ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ပုစွန်၊ ဟင်းသီးဟင်းရွက်နှင့် မီးဖိုချောင်သုံးပစ္စည်းများကို စျေးနှုန်းတင်ခြင်းမရှိပဲ ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများအလွယ်တကူ ဝယ်ယူ စားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ကြီးမှူး၍ ယနေ့နံနက်(၇)နာရီက ယောမင်း ကြီး ရပ်ကွက် ဗိုလ်ရာညွှန့်လမ်း၌ မော်တော်ယာဉ်(၉)စီးဖြင့် ပဥ္စမအကြိမ် လာရောက်ရောင်းချပေးကြောင်း သိရသည်။
ရောင်းချပေးရာတွင်လည်း စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ဦးမျိုးသန့်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဦးနှင့် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်အေးနှင့် ဝန်ထမ်းများက ကြီးကြပ်ပေးပြီး ကျန်းမာရေးနှင့် ညီညွှတ်သော ဝက်သား၊ ကြက်သား၊ ဆိတ်သား၊ အမဲသား၊ ငါးအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များနှင့် မီးဖိုချောင်သုံးပစ္စည်းများကို စျေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးရောင်းချပေးကြောင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ထံမှသိရသည်။ စားသောက်ကုန်များ ရောင်းချရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
မိုးမိုးခိုင် (ပြန်/ဆက်)