​​လှိုင်မြို့နယ် ရတနာမွန်​စျေးနှင့် ၁၁ လမ်း​စျေးတို့ တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ဆောင်ရွက်

ရန်ကုန်      နိုဝင်ဘာလ   ၂၇

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေး လူထု လှုပ်ရှားမှုများ (Mask & Face shield Campaign) အား ယ​​နေ့ နံနက် ၈ နာရီက ရန်ကုန်အ​နောကိပိုင်းခရိုင်၊ လှိုင်မြို့နယ်​အမှတ်(၃)ရပ်ကွက်ရှိ ရတနာမွန်​​စျေးကြီးတွင် ကိုဗစ်-၁၉​ကော်မတီဝင်များကအရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

၎င်းလှုပ်ရှားမှုကို ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါဒေသတွင်း ကူးစက်မှု လျော့နည်းစေရေး နှင့်ပပျောက်စေရေးအတွက်ပြည်သူလူထုက ကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွည်၍ လူစုလူဝေးများပြားပြီး ကူးစက်မှုအများဆုံးနေရာဖြစ်သည့် ဈေးများ တွင် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။            

၎င်းလှုပ်ရှားမှုတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ အစရှိ သည့်ဌာနဆိုင်ရာများ အားလုံးနှင့် မြို့နယ် ကိုဗစ်-၁၉အ​ရေး​ပေါ်ကာကွယ် တုံ့ပြန်​ရေး​ ကော်မတီဝင် များပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပညာပေးလုပ်ငန်းများအဖြစ်ဈေးသည်နှင့်​စျေးဝယ်များအားပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၂၀၀၀)နှင့် မျက်နှာအကာ (Face Shield) (၂၀၀၀) ဝေငှပေးခြင်း၊ လက်ကမ်းစာစောင် (၅၀၀)အား ဖြန့်ဝေအသိပညာပေးခြင်းနှင့် အများလိုက်နာရမည့်ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း ဆိုင်ရာ အမူအကျင့်ကောင်းများကိုလက်ကိုင် စပီကာများဖြင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့သည်။

အလားတူလှုပ်ရှားမှုများကိုလှိုင်မြို့နယ် အတွင်းရှိ​စျေးများ တစ်ပတ်လျှင်​နှစ်ကြိမ်နှုန်းဖြင့် ပြည်သူလူထုအတွင်း အမူအကျင့်ကောင်း များ အလေ့အထဖြစ်လာသည်အထိ ဆက်လက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်​ကြောင်းသိရှိရသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)