ကျောက်ကြီး နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်စျေးလမ်းဇုံ၊ ဆိပ်ကြီးတာဇုံ၊ ဗိုလ်ချုပ်ရုပ်တု ထောင့်တို့တွင် Mask(နှာခေါင်းစည်း)များ စနစ်တကျ တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုး ဦးဆောင်၍ ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊လူငယ်ရေး ရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာကော်မတီဝင်တို့နှင့် ပူးပေါင်း၍ မြို့တွင်းသွားလာသူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Mask(နှာခေါင်းစည်း)များ စနစ်တကျတပ်ဆင် သွားလာစေရေးအတွက် မြို့နယ်အတွင်း အသိပညာပေး ဆောင်ရွက်ကာ Mask (နှာခေါင်းစည်း) အခု(၁၅၀၀)အား အခမဲ့ ဖြန့်ဝေတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
K ခိုင် ပြန်/ဆက်