လှိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေး​​ ဆောင်ရွက်

လှိုင်      နိုဝင်ဘာ   ၂၇

လှိုင်မြို့နယ်တွင်ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြည်သူများသိရှိစေရန် ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်အသိပေးကြေညာခဲ့ကြသည်။

လှိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုစာရင်းပိုမို ပြည့်စုံမှန်ကန်စွာ စာရင်းပြုစုနိုင်ရေး အတွက် ကိုဗစ်-၁၉ ကာလအတွင်း မိသားစု စားဝတ်နေရေးအခက်အခဲဖြစ်နေသော မိသားစုများမှပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု အမှန်တကယ်ဖြစ်ကြောင်း သတ်မှတ်ပုံစံ ထောက်ခံချက်များဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင်လာ ရောက်လျှောက်ထားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အသိ​ပေးစာများ၊ သတ်မှတ်ပုံစံများ ကပ်ထားခြင်း၊ ပုံစံစာရွက်များ လိုက်လံ​ဝေငှ​ပေးခြင်း၊ အသံချဲ့စက်ဖြင့်ကြေညာပေးခြင်း၊ ရပ်ကွက် အတွင်းလှည့်လည်ကြေညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

လှိုင်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ၊ရပ်ဖများက လျှောက်ထားလာသော အိမ်ထောင်စုများအား စစ်ဆေးလက်ခံပြီး မြို့နယ် စိစစ်ရေးအဖွဲ့မှ ထပ်မံစစ်ဆေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ လာ​ရောက်​လျောက်ထားသူများမှာ များပြား​လှကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ပြောကြားချက်အရ သိရှိရသည်။

ကြည်​​ဇေ​သော် (ပြန်/ဆက်)