မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေး အရှိန်အဟုန်မြှင့်၍ အောင်မင်္ဂလာအဝေးပြေးဝန်း ယာဉ်ရပ်နားစခန်းတွင် Mask နှင့် မျက်နှာအကာ (Face Shield ) Campaign ပြုလုပ်

ရန်ကုန် နိုဝင်ဘာ  ၂၇

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မင်္ဂလာဒုံမြို့နယ်တွင်  အောင်မင်္ဂလာအဝေးပြေးဝန်း ယာဉ်ရပ်နား စခန်း အတွင်းရှိ ခရီးသွားပြည်သူများအား ယမန်နေ့ နံနက်က မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီး ရေး နှင့် တုံ့ပြန်ရေး ကော်မတီအဖွဲ့နှင့် တာဝန်ရှိသူများက Mask နှင့် မျက်နှာအကာ (Face Shield) Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

Campaign ပြုလုပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် Dr ထွန်းမြင့် ၊ မင်္ဂလာဒုံ မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ  အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး လက်ထောက် ညွှန်ကြားရေးမှူး Dr ဝင်းဝင်းမာနှင့် မင်္ဂလာဒုံမြို့နယ်အခြေခံ ကျန်းမာရေးပညာရှင်များ၊ မြို့နယ်ထွေအုပ်မှ တာဝန်ရှိသူများက   အောင်မင်္ဂလာအဝေးပြေးဝန်း ယာဉ်ရပ်နား စခန်းအတွင်းရှိ ခရီးသွားပြည်သူများအား Mask နှင့် မျက်နှာအကာ (Face Shield) ဝေခြင်း ၊  Hand Speakerနှင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များပါ ဝေငှပေးခဲ့ကြောင်း သိရသည်။

မျိုးသန့်(မင်္ဂလာဒုံ)