ကျောက်တံတား နိုဝင်ဘာလ ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတား မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ လတ်ဆတ်သော သား၊ ငါး၊ဟင်းသီးဟင်းရွက် စားသောက်ကုန်များ အားပြည်သူများအလွယ်တကူ ဝယ်ယူ ရရှိနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်း (၇) နာရီမှ (၁၀)နာရီထိ ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် မြို့နယ်အတွင်းရှိအမှတ် (၇)၊ (၈)၊ (၉) ရပ်ကွက်များ (ဆိပ်ကမ်းသာလမ်းနှင့် ဗိုလ်အောင်ကျော်လမ်း) မဟာဗန္ဓုလ လမ်း(မြောက်ဘက်ခြမ်း) တွင် ကြက်သားစျေးကား၊ ဆိတ်သားစျေးကား၊ အမဲသားစျေးကား၊ ငါး၊ ပုဇွန်၊ ပင်လယ်စာစျေးရာင်းကား၊ ဆီကား၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥစျေးကား၊ ဟင်းသီးဟင်းရွက်စျေးရောင်းကား စသည့်ဖြင့် စုစုပေါင်း ကား(၆)စီးဖြင့် မြို့နယ် အတွင်းရှိပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ စျေးနှုန်းသက်သာစွာဖြင့် သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ စားသောက် ကုန်များအားဝယ် ယူရရှိနိုင်ရေး၊ မိမိတို့ နေအိမ်အနီးမှာပင်ဝယ်ယူ ရရှိနိုင်ရေးရန်ရည်ရွယ်ကာ စီစဉ် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ