ထီးလင်း နိုဝင်ဘာ ၂၈
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပုဏ္ဏားကျေးရွာတွင်ကိုဗစ်-၁၉စီးပွားရေးကုစားမှု(CERP) အစီအစဉ် ဖြင့်စိုက်ပျိုးထားသော ကွင်းအမှတ် (၂၁၉) တောင်သူဦးတင်ရှိန်၏ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းအား ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့သည်။
အဆိုပါမိုးစပါးမျိုးစေ့ထုတ် ဆင်းသုခ စပါးမျိုးကို ထီးလင်းမြို့နယ်၏ ရေမြေနေရာဒေသ ရာသီဥတုနှင့် ကိုက်ညီသောမျိုးစေ့များ ရရှိစေရန်၊ အထွက်နှုန်း ပိုမိုတိုးတက်ကောင်းမွန် စေရန်နှင့် စားသုံးမှု အရည်အသွေး ကောင်းမွန်စေရန် ရည်ရွယ်၍ စိုက်ပျိုး ထားခြင်း ဖြစ်ပြီးမျိုးကွဲနှုတ်ပယ်ခြင်း(၃)ကြိမ်ဆောင်ရွက်ပြီး၍ မျိုးကွဲများ၊ ပေါင်းမြက်များ ကျန်ရှိမှုမရှိစေ ရေးကွင်းဆင်းစစ်ဆေးခဲ့သည်။
ထီးလင်းမြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ် ဆင်းသုခ စပါးမျိုးကို ပုဏ္ဏားကျေးရွာတွင် တောင်သူ(၇)ဦးက (၅)ဧက၊ သရခါကျေးရွာတွင် တောင်သူ(၂)ဦးက (၅) ဧကနှင့် အကြည်ဝါးဘင်း ကျေးရွာတွင် တောင်သူ(၁၂၇)ဦးက (၂၀၀)ဧက၊ စုစုပေါင်း စိုက်ဧက (၂၁၀) ဧက စိုက်ပျိုးထား ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်း ကွင်းဆင်းစစ်ဆေးရာတွင် ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်မင်းသန့်၊ ထီးလင်းမြို့နယ် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဌာနဆိုင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးခင်မောင်ထူးနှင့်စိုက်ပျိုးရေး ဝန်ထမ်းများ၊ ကျေးရွာရှိတောင်သူများ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)