ဝက်လက် နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ကိုဗစ် ၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ် ဆောင်ရွက်ခြင်းကို ယခုနှစ်မိုးစပါးရာသီ စိုက်ပျိုးထားရှိသော ဧရာမင်းမိုးစပါး ၅ဝဧက၊ ပေါ်ဆန်းရင်မိုးစပါး ၁၄၅ဝဧက၊ ရက် ၉၀ မိုးစပါး ၁ဝဝ ဧက မျိုးစေ့ထုတ်စိုက်ဧကပေါင်း ၁၆၀ဝ ဧကများ၌ ပိုးမွှားကျရောက်မှုသက်သာကာ အောင်မြင်ဖြစ်ထွန်း လျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော်နှင့်ဝန်ထမ်းများအနေဖြင့် နိုဝင်ဘာ ၂၈ရက်နေ့ နံနက် ၁ဝနာရီ အချိန်က ဘင်တဲကုန်းကျေးရွာတွင် တောင်သူ ဦးကျော်ဝေ နှင့် ဦးတက်ထွန်းတို့ စိုက်ပျိုးထားရှိသော မျိုးစေ့ထုတ် စပါးစိုက်ခင်း ဧကများသို့ ကွင်းဆင်း ကြည့်ရှု့ရာ ယခုနှစ်မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ ပိုးမွှားရောဂါကျရောက်မှု မရှိကြောင်း၊ ဓာတုပိုးသတ်ဆေး လုံးဝမသုံးစွဲရကြောင်း ပိုးသတ်ဆေးဘိုးကုန်ကျမှု သက်သာကြောင်းနှင့် အထွက်နှုန်းကောင်းနိုင်ကြောင်း ကွင်းဆင်းတွေ့ရှိမှုများ၊ အဆိုပါမိုးစပါးမျိုးစေ့ထုတ် စိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဝက်လက်မြို့နယ်အတွင်း ကိုဗစ်- ၁၉စီးပွားရေးကုစားမှု ၊ (CERP)အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ၌ ယခင် နွေရာသီကာလအချိန်က သဖန်းဆိပ်ဆည်ရေ မပေးဝေနိုင်လို့ နွေစပါး စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ဘဲ နွေနှမ်းကိုသာ စိုက်ခဲ့ကြပြီးနောက် သဟဇာတဖြစ်သော သီးနှံအမယ်စုံ စိုက်ပျိုးခဲ့ခြင်းကြောင့် ယခုအခါ ပိုးမွှားရောဂါကျရောက်မှု သက်သာခြင်းနဲ့ပိုးမွှား လုံးဝ မကျရောက်သော စိုက်ခင်းများလည်း တွေ့ရှိရကြောင်း၊ ဝက်လက်မြို့နယ်အတွင်း မိုးစပါးဧကပေါင်း ၁၃၉၀၀၀ ခန့် စိုက်ပျိုးထား ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော်၏ ပြောကြားချက်အရ သိရသည်။
မြို့နယ် (ပြန်/ဆက်)