ကျောက်တန်း နိုဝင်ဘာ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ဆက်စပ်ထိတွေ့သူ (၆၃) ဦးအား ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များရယူ၍ စစ်ဆေးရာ ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ( ၆၃ ) ဦးအနက် အမျိုးသား(၄) ဦး၊ အမျိုး သမီး(၈)ဦး စုစုပေါင်း (၁၂) ဦး ထပ်မံပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့အတည်ပြုလူနာများအား ကျောက်တန်း မြို့နယ် ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်း သာသနာ့ ဗိမာန်) တွင် ထားရှိပြီး ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျောက်တန်းမြို့နယ်တွင် ယာယီဆေးကုသရေးစင်တာ (၁) ခု၊ စောင့်ကြည့်ရေးစခန်း (၁)ခုရှိပြီး လက်ရှိ အချိန် ထိ ပိုးတွေ့ အတည်ပြု လူနာ (၄၉၁) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၄၁၁) ဦး၊ ဆေးကုသမှုခံယူနေသူ (၇၅) ဦး၊ စောင့်ကြည့်ရေးစင်တာတွင် စောင့်ကြည့် ခံလူနာ (၄၇) ဦး နှင့်သေဆုံးသူ (၈) ဦး ရှိပြီဖြစ်ကြောင်း သိရ သည်။
ခင်ဆွေဝင်း (ကျောက်တန်း)