အလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းနှင့် Mask and Face Shield Campaign ပြုလုပ်

အလုံ   နိုဝင်ဘာ     ၂၈

ရန်ကုန်အနောက်ပိုင်းခရိုင် အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက်  အသိပေး နှိုးဆော်ခြင်းနှင့် Mask and Face Shield Campaign  ကို ယမန်နေ့နံနက်ပိုင်းက ဆင်မင်း​စျေးနှင့် အလုံ​စျေးတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အ​​​ထွေ​ထွေချုပ်​ရေးဦးစီးဌာ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ၊မြို့နယ်ပြည်သူ့ကျန်းမား​ရေးဦးစီးဌာနမှ၊ မြို့နယ်စည် ပင်သာယာရေး ကော်မတီ ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူးတို့ပူး ပေါင်း၍ ဈေးအတွင်းရှိ စျေးရောင်းချသူများသူများ ၊​စျေး ၀ယ်သူများအား  mask and face shield များ၊ ပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉​ရောဂါကာကွယ်​ရေးအတွက်ဆောင်ရန်၊​ရှောင်ရန် အချက်များကို  Hand Speaker ဖြင့် နှိုးဆော်အသိပေးခြင်း၊ သားအိမ်​ခေါင်းကင်ဆာကာကွယ်​ဆေးထိုးနှံမည့် အသိ​ပေးပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက် ခဲ့ ကြောင်း သိရသည်။

အလုံမြို့နယ်အတွင်းရှိ စျေးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို  စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

တင်တင်ချို (အလုံ)