အလုံမြို့နယ်အ-ထ-က(၇) အသွားအလာကန့်သတ် စောင့်ကြည့်စင်တာ (Quarantine Centre) သို့ ရေသန့်ကတ်နှင့် မုန့်များ လာ​ရောက်လှူဒါန်း

အလုံ     နိုဝင်ဘာ   ၂၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ  အသွားအလာကန့်သတ် စောင့်ကြည့်နေရာရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့က   ​​ရေသန့်ကတ်နှင့် မုန့်များလာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာတွင် အလှူရှင်ကြည့်မြင်တိုင်မြို့နယ် ထီးတန်းအိမ်ရာနေ မောင်သက်ပိုင်ဦး မှ (၁၇)နှစ်ပြည့် မွေးနေ့အလှူအဖြစ် ရေသန့်ကဒ်(၅၀)ကဒ်နှင့် ပဲမုန့်အခု(၁၂၀)တို့ကို လာ​ရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်းသိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ များကို အ−ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ် ဆောင်ရွက်ထားရာ  စေတနာရှင်အလှူရှင်များအနေဖြင့် စားသောက်ဖွယ်ရာများကို လှူဒါန်းနိုင်ပြီး တစ်ဦးအတွက် တနေ့တာ စားစရိတ် ၅၀၀၀ကျပ်ဖြင့် ငွေသားလှူဒါန်းနိုင်သလို၊ မိမိအစီအစဉ်ဖြင့်လည်း ထမင်းဘူးများ၊ စားသောက်ဖွယ်များကို လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

တင်တင်ချို(အလုံ)