လှိုင်းဘွဲ နိုဝင်ဘာလ ၂၈
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် အကောင်အထည်ဖေါ်ဆောင်ရွက်မည့် ကမော့ကချူးကျေးရွာ အုပ်စု ရေမင်းသာယာကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်း လုပ်ငန်း ကို ယမန်နေ့က စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေ (၂၁,၁၀၀,၀၀၀)ကျပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၁၁၁၀ပေ x အကျယ် ၁၄ပေ x ထု ၆လက်မ) လုပ်ငန်းအား လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ လက်ထောက် နည်း ပညာမှူး နန်းဆုလဲ့ဖြူ၊ လူထုစည်းရုံးရေးမှူး ဒေါ်မျိုးမမလေးတို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ပြည်သူလူထုတို့၏ ပူးပေါင်း ပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)