ဒဂုံမြို့သစ်(အရှေ့ပိုင်း) နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း အခြေခံ လက်လုပ်လက်စားပြည်သူများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများအား အမှိုက်နှင့်ရိက္ခာ လဲလှယ်ပေးရေး အစီအစဉ်ဖြင့် We Love Yangon မှ အခြေခံစားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းပေးလျက် ရှိရာ ယမန်နေ့ နံနက် ပိုင်းအချိန်ကစတင်ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ နွမ်းပါးအိမ်ထောင်စုများ အား အခြေခံ စားသောက်ကုန်များကို လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရပ်ကွက် အတွင်းနေထိုင်သူပြည်သူများမိ မိပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး၊ အမှိုက်များ စနစ်တကျ စွန့်ပြစ်သည့် အလေ့အထ ရရှိစေရေးတို့ အတွက်ရည်ရွယ်၍ အမှိုက်အိပ်များနှင့် ရိက္ခာလဲလှယ်ပေး ခြင်းများကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင်ဦး ဆောင်း၍ We Love Yangon မှ တာဝန်ရှိသူများသည် အမှတ်(၈) ရပ်ကွက်၊ အမှတ်(၁၀၈)ရပ်ကွက်အတွင်းရှိ နွမ်းပါး အိမ်ထောင်စု တစ်စုလျှင် ဆန် ၆ ပြည်၊ဆီ ၁ ဗူး၊ ခေါက်ဆွဲခြောက် ၁ ဖာ၊ ငါးသေတ္တာ ၅ ဗူးစသည့် အခြေခံ စားသောက်ကုန်များကို အမှိုက်အိပ် များနှင့် လဲလှယ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့အနေဖြင့် ပြည်သူမှ ပြည်သူသို့ မျှဝေရေး အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံ လူတန်းစား အိမ်ထောင်စု များအား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးလျှက်ရှိသည့်အပြင် ယခုလိုအခြေခံလူတန်းစားများ ပတ်ဝန်းကျင် သန့်ရှင်း သာယာရေး၊ အမှိုက်များ စနစ်တကျလွှင့်ပြစ်သည့် အလေ့ အထရရှိစေရေးတို့အတွက် ဆက်လက်ထောက်ပံ့ လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)