မြောက်ဥက္ကလာပမြို့နယ် အ.ထ.က (ခွဲ) လ (၁၀) Quarantine Center သို့ အလှူရှင်များမှ အလှူငွေများ လှူဒါန်း

မြောက်ဥက္ကလာပ     နိုဝင်ဘာ  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ရပ်ကွက် အ.ထ.က(ခွဲ) လ(၁၀)ကျောင်း၌ ကိုဗစ်-၁၉ရောဂါရှိသူများနှင့် ဆက်စပ်သူများ ထားရှိရန် သီးသန့်ဖွင့် လှစ်ထားသည့် Quarantine Center၌      ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလုပ်ငန်းများတွင်   အသုံးပြု နိုင်ရန် အလှူရှင်များမှ  အလှူငွေများကို ယနေ့ နံနက် ၁၀ နာရီက  လာရောက် လှူဒါန်း ခဲ့ကြောင်း သိရ သည်။

ထိုသို့လှူဒါန်းရာတွင် Forward မိသားစု (ရွှေပေါက်ကံစက်မှုဇုံ)မှ အလှူငွေကျပ် (၁၄၄၀၀၀၀)၊ ကိုဇေယျာလင်း၊ မမော်မော်အေးက သမီး မသွန်းဝတီဦး မွေးနေ့အလှူအဖြစ် အလှူငွေကျပ် (၅)သောင်း၊  အလှူရှင်များစုပေါင်း၍ အလှူငွေကျပ် (၁၁၀၀၀၀)ကို လာရောက်လှူဒါန်းရာ ရွှေပေါက်ကံမြို့ သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ရုံးအဖွဲမှူး ဦးနိုင်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် Quarantine ဝင်ရောက်နေသူများနှင့် Volunteerများအတွက် လိုအပ်ချက်များကို လှူဒါန်းလိုပါက ဖုန်း- ၀၉/ ၄၂၀၁၆၃၇၃၃သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)