ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ သုံးခွမြို့နယ်အတွင်း ဖြန့်ဝေ

သုံးခွ မတ် ၂၀

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်မှုဖြင့် (COVID-19) အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈နာရီက မြို့နယ် အတွင်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်‌ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်က‌လေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီး‌ရေးရာ အဖွဲ့များမှ ပူးပေါင်း၍ ဖြန့်ဝေခဲ့‌ကြောင်း သိရသည်။

လက်ကမ်းစာစောင်များထဲတွင် ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများနှင့် ကာကွယ်နိုင်သည့် နည်းလမ်းများ ပါရှိကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်