ကမာရွတ် နို၀င်ဘာလ ၂၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့နှင့် ရန်ကုန်တိုင်း ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်အ နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ဈေးများတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ် ပညာပေး လူထုလှုပ်ရှားမှု စီမံချက် (Mask and Face Shield Campaign) ကို ကမာရွတ်မြို့နယ်အတွင်းရှိ ဈေးများ၊ လမ်းများနှင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်နိုင်ခြေမြင့်မားသော နေရာများတွင် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပြီး စနစ်တကျတပ်ဆင် စေခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေး အသိပညာ ပေးခြင်း၊ ပြည်သူများ လိုက်နာရမည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ အမူအကျင့် ကောင်းများကို အသိပညာ ပေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့ကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပါသည်။
အဆိုပါလှုပ်ရှားမှုတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ၊ မြို့နယ်ပြည် သူ့ကျန်းမာ ရေးဦးစီးဌာန၀န်ထမ်းများ၊ မြို့နယ် ပြန်/ဆက်၊ မြို့နယ်စည်ပင်၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီး ဌာန၊ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်လူမှု အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)