ငဖဲမြို့နယ် ကျေးလက်လမ်းတံတား တည်ဆောက်ရေး လုပ်ငန်းများအား တာဝန်ရှိသူများ အဖွဲ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ငဖဲ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း မြို့နယ် ကျေးလက် လမ်းဖွံဖြိုးရေးဉီးစီးဌာနက ဆောင်ရွက်ခဲ့သည့် ကျေးလက်လမ်းတံတားများအား မြို့နယ်မှ တာဝန်ရှိ သူများအဖွဲ့က ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ငဖဲမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစန်းကြူ၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ မြို့နယ်တည်ဆောက် ရေး လုပ်ငန်းများ စစ်ဆေးရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းထွန်းနှင့် တာဝန်ရှိ သူများအဖွဲ့က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ငဖဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၅၀ ဖြင့်ဆောင်ရွက်သည့် မာန်အောင် ဘေလီတံတား၊ ခွင့်ပြုရန်ပုံ ငွေကျပ် ၁၃၅ သန်းဖြင့် ဆောင်ရွက်သည့်ဆူးပဒေါင်းကွန်ကရစ်တံတား၊ ခွင့်ပြုရန်ပုံငွေကျပ် ၇၉ သန်းဖြင့် ဆောင်ရွက်သည့် မာန်အောင်ကျောက်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှုနှင့် ခွင့်ပြုရန်ပုံ ငွေကျပ် ၁၀၈ သန်းဖြင့် ဆောင်ရွက်သည့် ပဘွေး-ဘုံးဘောလမ်းပေါ်ရှိ ပနီချောင်း ဘေလီတံတား တည်ဆောက်နေမှု အခြေ အနေများနှင့် ရှောက်တောင်း-ညောင်ကိုင်း မန်းချောင်း တံတား တည်ဆောက်မည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းပြည့်မီ ရေးနှင့် အချိန်မီပြီးစီးရေးတို့ အတွက် ကျေးရွာကော်မတီဝင်များက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး လိုအပ် သည်များ ကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မယု( ငဖဲ)