စမ်းချောင်း နိုဝင်ဘာ ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်စဉ် ကာလအတွင်း ပြည်သူများစားဝတ်နေရေး အစဉ်ပြေစေရေးအတွက် We Love Sanchaung ပရဟိတ အဖွဲ့နှင့် အလှူ ရှင်များ ပူးပေါင်း၍ ရပ်ကွက် (၅) ရပ်ကွက်ရှိ အိမ်ထောင်စု (၁၅)စုအတွက် အခြေခံ စားသောက် ကုန်များကို ယမန်နေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် မုန့်လက်ဆောင်း(တောင်) ရပ်ကွက်၊ စမ်းမြောက်ရပ်ကွက်၊ စမ်းတောင်ရပ်ကွက်၊ ဝေဠုဝန် တောင်ရပ်ကွက်၊ သီရိခေမာ ရပ်ကွက်တို့ရှိ အခြေခံ အိမ်ထောင်စု (၁၅) စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်၊ ဆီ(၅၀)သား(၁)ဘူး၊ ခေါက်ဆွဲခြောက် ဖာ(၁) ဖာ၊ ငါးသေတ္တာ (၅)ဘူး၊ ကုလားပဲ၊ ကြက်သား မှုန့်၊ ကော်ဖီမစ်၊ ငါးပိထောင်းဘူး၊ ကြာဇံ၊ ကြက်ဥ ၁၀ လုံးတို့ကို We Love Sanchaung ပရဟိတ အဖွဲ့မှ အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ခင်ချောစုဝင်း (ပြန်/ဆက်)