မြဝတီ နိုဝင်ဘာ ၂၈
ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်ပမှပြန် လည်ဝင်ရောက်လာသူ များ အနေဖြင့် ကန့်သတ်စောင့်ကြည့်ရေးစခန်းများ အသီးသီး စီစဉ် ဆောင်ရွက်ပြီး စောင့်ကြည့်လျက်ရှိရာ မြဝတီမြို့ မဲကနယ် အသွား အလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှု ရေးစခန်းတွင် ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေး ချက်များရယူ စစ်ဆေးခဲ့ရာ Negative ဖြစ်သည့် ၁၄ ရက် ပြည့်မြောက်သူ (၃၇)ဦးအား အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးကာ ယမန်နေ့ က မိမိနေအိမ်သို့ ပြန်လည်စေ လွှတ်ပေးခဲ့ ကြောင်း သိရှိရသည်။
အသွားအလာ ကန့်သတ်စောင့်ကြည့်ခံယူခြင်း (၁၄) ရက်ပြည့်မြောက်ပြီး သတ်မှတ်နေရာ စောင့်ကြည့်ရေးစခန်းမှ မိမိနေအိမ် များသို့ ပြန်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အတိုင်း မိမိနေအိမ်တွင် လည်း (၇)ရက် ပြန်လည် နေထိုင် ရန်၊ Mask များကို စနစ်တကျ တပ်ဆင်အသုံးပြုရန်၊ လူစည်ကားရာနေရာများ သွားခြင်းအား ရှောင်ကြဉ်ရန် စသည်တို့ ကို စခန်း တာဝန်ခံများက မှာကြားခဲ့ပြီး (၁၄)ရက် နေထိုင်ခဲ့ကြသည်မှာ မှန်ကန် ကြောင်း အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
မန်းသန်းရွှေမြင့်