အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း

ရန်ကုန် နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင် စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်း က အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် လှူဒါန်းခဲ့ ကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသရေး လုပ်ငန်းစဉ်များတွင် အသုံး ပြုနိုင်စေရန် R OASIS Company (မင်္ဂလာ တောင်ညွှန့်မြို့နယ်)မှ တာဝန်ရှိသူများက MCXY-PLUS-Box(40)နှင့် Romivom-Box(80)တို့ကို လှူဒါန်းရာ အင်းစိန် အထွေထွေ ရောဂါ ကုဆေးရုံကြီး မှ တာဝန် ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြား ကာ ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ခဲ့ သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)