မုံရွာ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလကုန်အထိ ဆီထွက်သီးနှံမျိုးစုံ (၁၄၀၄၈၂၈) ဧကကို စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။
ဆီထွက်သီးနှံများကို ခရိုင်အလိုက် စိုက်ပျိုးမှုအနေဖြင့် မုံရွာခရိုင်အတွင်း မြေပဲ(၄၃၉၆၉)ဧက၊ နှမ်း(၆၂၆၈၇)ဧက၊ နေကြာ(၃၆၂၁၇) ဧက၊ ပန်းနှမ်း (၂၂၈) ဧကအားလည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်း မြေပဲ(၆၀၉၀၃)ဧက၊ နှမ်း(၁၀၂၄၉၀)ဧက၊ နေကြာ(၆၂၇၀၀)ဧက၊ ပန်းနှမ်း (၁၈၄၅) ဧကအားလည်းကောင်း၊ ရွှေဘိုခရိုင်အတွင်း မြေပဲ(၁၁၇၆၀၉) ဧက၊ နှမ်း(၁၁၉၂၅၄)ဧက၊ နေကြာ(၁၉၇၅၄)ဧက၊ ပန်းနှမ်း (၅၉၁) ဧကအားလည်းကောင်း၊ ယင်းမာပင်ခရိုင် အတွင်းမြေပဲ(၃၁၄၆၉)ဧက၊ နှမ်း(၅၅၂၈၇)ဧက၊ နေကြာ(၇၆၇၈၉) ဧက၊ ပန်းနှမ်း(၁၂၅၂၈)ဧက အားလည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်းမြေပဲ(၁၀၇၂၄၂)ဧက၊ နှမ်း(၁၁၀၅၈၂) ဧက၊ နေကြာ(၂၇၉၈)ဧက၊ ပန်းနှမ်း (၁၀၄၂၂) ဧကနှင့် မုံညှင်း(၈၅၉)ဧကအားလည်းကောင်း၊ ကလေး ခရိုင်အတွင်း မြေပဲ(၄၂၅၉၁)ဧက၊ နှမ်း(၅၆၇၆)ဧက၊ နေကြာ(၄၁၇၁၀)ဧက၊ ပန်းနှမ်း (၆၆၅၃)ဧကနှင့် မုံညှင်း (၅၈၉၀) ဧကအား လည်းကောင်း စိုက်ပျိုးနိုင်ခဲ့သည်။
အလားတူ ကသာခရိုင်အတွင်း မြေပဲ(၅၅၀၁၂)ဧက၊ နှမ်း(၇၄၂၀၇)ဧက၊ နေကြာ(၂၈၇၃၅)ဧက၊ ပန်းနှမ်း (၄၂၂၀၀) ဧကနှင့် မုံညှင်း(၄၆၇၄)ဧကအားလည်းကောင်း၊ တမူးခရိုင်အတွင်း မြေပဲ(၂၀၆၀)ဧက၊ နှမ်း(၁၆၃၅)ဧက၊ နေကြာ(၁၁၀၁)ဧက၊ ပန်းနှမ်း (၄၂၀) ဧကနှင့် မုံညှင်း(၁၀၅၆၄)ဧကအားလည်းကောင်း၊ မော်လိုက်ခရိုင်အတွင်း မြေပဲ(၁၄၃၂၂)ဧက၊ နှမ်း(၁၅၅၀)ဧက၊ နေကြာ(၇၁၄၇)ဧက၊ ပန်းနှမ်း (၃၆၉၉) ဧကနှင့် မုံညှင်း(၂၄၄၀)ဧက အားလည်းကောင်း၊ ခန္တီးခရိုင်အတွင်း မြေပဲ(၁၁၅၃၂)ဧက၊ နှမ်း(၁၄)ဧက၊ နေကြာ(၃၁၅)ဧက၊ ပန်းနှမ်း(၃၉၇)ဧကနှင့် မုံညှင်း(၁၇၆၇)ဧကအားလည်းကောင်း၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း မြေပဲ(၉၇)ဧက၊ နှမ်း(၂၉)ဧက၊ နေကြာ(၅၂)ဧက၊ ပန်းနှမ်း (၁၂) ဧကနှင့် မုံညှင်း (၂၁၀၅)ဧကအားလည်းကောင်း စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)