သံတောင်ကြီး နိုဝင်ဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင် ဒေသခံလူငယ်များက ပရဟိတစိတ်ကို မိမိတို့ တတ်နိုင်သည့်ဘက်မှ လူမှုရေး လုပ်ငန်းများ လုပ်ဆောင်သည့်အခါ လိုအပ်သောကျန်းမာ ရေးဆိုင်ရာ ရှောင်ရန်/ ဆောင်ရန်များကို ကြိုတင်သိရှိနားလည်ထားရန်၊ လိုအပ်သောအရေးပေါ် အခြေအနေများကို ကူညီဆောင်ရွက်တတ်စေရန် ၊ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များ တွင် စေတနာ့ ဝန်ထမ်းများ အတွက်အရံအင်အားရရှိနိုင်စေရန် ရည်ရွယ်ပြီး အခြေခံရှေးဦး သူနာ ပြုစုခြင်း သင်တန်းကို နိုဝင်ဘာ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ခိုင်ဗီလာဧည့်ရိပ်သာတွင်ပြု လုပ်ခဲ့ ကြောင်း သိရသည်။
သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ အခြေခံမူ(၇)ချက်၊ ရှေးဦးသူနာ ပြုစုခြင်း အခြေခံ သဘောတရားများ ၊အပူလောင်ခြင်း ဖြစ်ပေါ်လာပါက ရှေးဦးသူနာပြုစုခြင်း၊အရေး ပေါ် အခြေအနေဖြစ်ပေါ်လာပါက အခြေခံ အသက်ကယ် အထောက် အကူ ရှေးဦးသူနာပြုစုနည်း၊ ပတ်တီး စည်းနည်း၊ လူနာသယ်ဆောင်နည်းများစသည်တို့အား သင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းကို သံတောင်ကြီးမြို့နယ်၊ မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်း၊ လက်ထောက် ဆရာဝန် ဒေါက်တာ နေမင်း ကျော်ငြိမ်း နှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုဗိုလ်တပ်ဖွဲ့မှူး စောအလဲ စန္ဒား၊ တပ်ခွဲမှူးစောဇင်ဝင်းတိုး ၊တပ်စုမှူးမလှမျိုးသွယ်၊ နည်းပြ နော်မေရီဒီးနာ တို့က စာတွေ့ လက်တွေဖြင့် သင်ကြားပို့ချပေးပြီး ဒေသခံလူငယ်သင်တန်းသား (၂၅) ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)