ကျောင်းအဝင်မုခ်ဦး လှူဒါန်းခြင်းနှင့် အခြေခံလူတန်းစားများအား စားကုန်များလှူဒါန်း

ပဲခူး နိုဝင်ဘာ  ၂၈

ပဲခူးမြို့၊ သနပ်ပင်လမ်း(အုန်းပင်တန်း)နေ ဒေါက်တာဦးဖြေ+ဒေါ်မေကြည် ဒေဝယက္ခဆေးတိုက် Golden LUXURY DRUG မိသားစုတို့မှ ယနေ့ နံနက် ၉ နာရီခွဲက ဥဿာမြို့သစ်၊ (၅/၁၇)ရပ်ကွက်ရှိ ရွှေပြည်အေး ကျောင်းတိုက်တွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဝိဿဇ္ဇက ဓမ္မဝိဟာရ ကျောင်း ဆောင်တော်‌နှင့် ကျောင်းအဝင်မုခ်ဦး ရေစက်ချလှူဒါန်းခြင်း အခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ ရွှေပြည်အေး‌ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဉာဏိန္ဒ (လယ်တီကမ္မဌာနာစရိယ)နှင့် အလှူရှင် ဒေါက်တာဦးဖြေ+ဒေါ်မေကြည် ဒေဝယက္ခ ဆေးတိုက် Golden LUXURY DRUG မိသားစုတို့က ဝိဿဇ္ဇကဓမ္မဝိဟာရ ကျောင်းဆောင်တော်‌နှင့် ကျောင်းအဝင်မုခ်ဦးတို့အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်ချအမျှအတမ်းပေးဝေကြသည်။

ထို့နောက် ဥဿာသီရိစာသင်တိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဒေါက်တာ သူရိယဆရာတော်နှင့် အလှူရှင် ဒေါက်တာဦးဖြေ+ ဒေါ်မေကြည် ဒေဝယက္ခဆေးတိုက် Golden LUXURY DRUGမိသားစုတို့က ဥဿာမြို့သစ်၊ (၅/၁၇)ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၅၀) အား အခြေခံစားကုန် များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်၊ ဆပ်ပြာမှုန့်၊ ဆေးမျိုးစုံတို့ လှူဒါန်းပေးကြကြောင်း သတင်း ရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)