ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် လူထုလှုပ်ရှားမှု Mask Campaign ဆက်လက် ဆောင်ရွက်

ဒဂုံ(ဆိပ်ကမ်း)  နိုဝင်ဘာ  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ် လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလူထုလှုပ်ရှားမှု Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်  ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦး‌ရေ များပြားလာသည့်အတွက် ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေး  ယနေ့နံနက် ၇ နာရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၊ အမှတ်(၆၇) ရပ်ကွက်ရှိ ကျူးကျော်စျေးနှင့် အမှတ်(၈၈)ရပ်ကွက်၊ စည်ပင်သာယာ စျေးအတွင်းရှိ စျေးရောင်းသူ နှင့် ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး   သတ်မှတ် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များနှင့် အညီ ဈေးအတွင်းသို့  နှာခေါင်းစည်း Mask နှင့် Face Shield များတပ်ဆင်၍ ရောင်းဝယ်မှု ရှိ/မရှိ‌ စစ်ဆေးခြင်း နှင့် ‌နှာခေါင်းစည်း တပ်ဆင်မှုမရှိသူများအား ‌ဈေးအတွင်းဝင်ရောက်ခွင့်မပြုဘဲ  mask နှင့် Face Shield များတပ်ဆင်ပြီးမှသာ ဈေးအတွင်းဝင်ရောက်ခွင့်ပြုပြီး ကျန်းမာရေးအသိ ပညာပေးခြင်းများကို  ဆောင်ရွက်ခဲ့သည်။

အဆိုပါ လူထုလှုပ်ရှားမှု Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သတင်း ရရှိသည်။

နန်းရွှေကြည်(ပြန်/ဆက်)