နမ္မတူ နိုဝင်ဘာ ၂၈
Dan Church Aid - Norwegin Church Aid (DCA-NCA)၏ ပံ့ပိုးမှုဖြင့် NeT (Never End Tomorrow)နှင့် မိတ်ဆွေကောင်း လူမှု ကူညီရေးအသင်းတို့ ပူးပေါင်း၍ မသန်စွမ်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအထောက်အကူပြု ကျန်းမာရေး သုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ဆက်လက်ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း၌ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ရာတွင် မိတ်ဆွေကောင်း လူမှုကူညီရေး အသင်းမှ ဦးအောင်ဆန်း မြင့်၊ ရှမ်းပြည်နယ်မသန်စွမ်းသူများအသင်း ဘဏ္ဍာရေးမှူး ဦးစိုင်းရော်နီနှင့် NeTမှ ဒေါ်အားလိန်တို့က နိုဝင်ဘာလ (၂၆)ရက်နေ့တွင် နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၁)ရှိ မသန်စွမ်း (၁)ဦး၊ ပန်သပြေ (မြောက်)ကျေးရွာရှိ မသန်စွမ်း (၃)ဦး၊ မန်စံကျေးရွာရှိ မသန်စွမ်း (၁၂)ဦး၊ နားကျဲကျေးရွာရှိ မသန်စွမ်း (၁)ဦး၊ လုပ်လေကျေးရွာရှိ မသန်စွမ်း (၁၀)ဦး၊ ပန်ချင်ကျေးရွာရှိ မသန်စွမ်း (၅)ဦးအား လည်းကောင်း၊ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် မိုင်းရင်ကျေးရွာရှိ မသန်စွမ်း (၁၄)ဦး၊ နားနကျေးရွာရှိ မသန်စွမ်း (၄)ဦး၊ ပန်လောက်ကျေးရွာရှိ မသန်စွမ်း (၁)ဦး၊ ပန်ဟိုက်ရပ်ကွက် (၁)ရှိ မသန်စွမ်း (၁)ဦး စုစုပေါင်း မသန်စွမ်းသူ (၅၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တစ်ဦးလျှင် အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၁)ခု၊ လက်ဆေးဆပ်ပြာရည် (500ml) ဗူး (၁)ဗူး၊ Spray (100ml)ဗူး (၁)ဗူးနှင့် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၅၇)ခု၊ လက်ဆေးဆပ်ပြာရည် (500ml)ဗူး (၅၇)ဗူး၊ Spray (100ml)ဗူး (၅၇)ဗူးနှင့် ထောက်ပံ့ငွေကျပ် (၁၁၄၀၀၀၀) ကျပ်အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် ခဲ့သည်။
နမ္မတူမြို့နယ်အတွင်း မသန်စွမ်းသူ (၂၉၇)ဦးရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများအား နိုဝင်ဘာလ (၁၉)ရက်နေ့တွင် မသန်စွမ်း သူ (၁၀)ဦး၊ နိုဝင်ဘာလ (၂၀)ရက်နေ့နှင့် (၂၁)ရက် နေ့တွင် မသန်စွမ်းသူ (၄၇)ဦး၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် မသန်စွမ်းသူ (၆၀)ဦး၊ နိုဝင်ဘာလ (၂၃)ရက်နေ့တွင် မသန်စွမ်းသူ (၅၃)ဦး၊ နိုဝင်ဘာလ (၂၄)ရက်နေ့တွင် မသန်စွမ်းသူ (၄၂)ဦး၊ နိုဝင်ဘာလ (၂၅)ရက်နေ့တွင် မသန်စွမ်းသူ (၁၅)ဦး၊ နိုဝင်ဘာလ (၂၆) ရက် နေ့နှင့် (၂၇)ရက်နေ့တွင် မသန်စွမ်းသူ (၅၇)ဦး စုစုပေါင်းမသန်စွမ်း (၂၈၄)ဦးအား ထောက်ပံ့ပေးအပ်ပြီး ဖြစ်ကြောင်းနှင့် မသန်စွမ်းသူအားလုံး အကျိုးခံစားခွင့်ရရှိစေရေး အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် မသန်စွမ်းသူများအသင်း ဘဏ္ဍာရေးမှူး ဦးစိုင်းရော်နီထံမှ သိရှိရသည်။
လူမော် (ပြန်/ဆက်)