ကလေး နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင်၃၀၀ဆံ့ဆေးရုံ(တိုင်းရင်းဆေးရုံ) အထူးကြတ်မတ် ဆောင်နှင့် ပြည်သူ့အဌားအိမ်ယာ(အိတ်စွပ်)တွင် ဆေးကုမှု ခံယူနေကြသည့် ကိုဗစ်-၁၉ကပ်ရောဂါ အတည်ပြုလူနာ (၁၀) ဦးတို့သည် ဆေးရုံဆင်းသတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေး ကောင်းမွန်သော ကြောင့် ယနေ့ နံနက် (၁၀) အချိန်က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအတည်ပြုလူနာ(၁၀)ဦးတို့မှာ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်နေအမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂)ဦး၊ အောင်သစ္စာ ရပ်ကွက်နေ အမျိုးသား(၄)ဦးနှင့်အမျိုးသမီး(၃)ဦး၊ အမျိုး ခုတင်-၃၀၀ဆံ့ ဆေးရုံ အုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းနှင့် တာဝန်ရှိသူများက ဆေးရုံ ဆင်း လက်မှတ်များ ပေးအပ် ခဲ့ကြပြီး ဆေးရုံ ဆင်းပြီးနောက် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ သူနာပြု ဆရာ/ ဆရာမ များက မှာကြားခဲ့ ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ (၂၇) ဦး ကျန်ရှိနေပြီး အဆိုပါအတည်ပြုလူနာ များကို ကလေးမြို့ခုတင်-၃၀၀ဆံ့ဆေးရုံကြီး (တိုင်းရင်းဆေးရုံ) နှင့် ပြည်သူ့ အငှားအိမ်ယာ (အိတ်စွပ်) အထူးကြတ်မတ်ဆောင်တွင် ဆေးကုသ မှု ခံယူစေလျက်ရှိကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)