နတ်မောက် နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၅) ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ အဆိုပါပိုးတွေ့လူနာများမှာ လဲဘူးကျေးရွာမှ အမျိုးသား(၁)ဦး ၊အမျိုးသမီး(၂)ဦး ကျေက်ခွက်ကျေးရွာမှ အမျိုးသား(၁)ဦး၊ ဥသျှစ် မြှောင်ကျေးရွာမှအမျိုးသား(၁) ဦး စုစုပေါင်း(၅)ဦးတို့ဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့က ရန်ကုန် (NHL) သို့ပို့ဆောင် စစ်ဆေးခဲ့ရာ ယနေ့တွင် ကိုဗစ် ရောဂါပိုး Positive တွေ့ရှိခဲ့ကြောင်း သိရသည်။
ပိုးတွေ့လူနာများမှာ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာကြသူများဖြစ်ပြီး၊သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ Facility Quarantine Centre များတွင် အသွားအလာ ကန့်သတ်ထား သူများဖြစ်ကြောင်းနှင့် ဆက်လက်၍ ပိုးတွေ့ လူနာများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကျန်းမာရေး လမ်းညွှန်ချက် များနှင့်အညီ (Covid Centre-2) တွင် ထားရှိသွားမည်ဖြစ်ပြီး လက်ရှိ အချိန်၌ လူနာများကျန်းမာရေး ကောင်းမွန် ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ယနေ့ထိ (၁၁၂) ဦးရှိ၍ ဆေးရုံဆင်းခွင့် ရရှိသူ (၈၈) ဦးရှိရာမြို့နယ်ပြည်သူ့ ဆေးရုံကြီး နှင့် (Covid Centre-2) တွင် ထားရှိကြောင်း သိရသည်။
ဖြိုးအိအိဇော် (နတ်မောက်)