ရန်ကုန် နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင် ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ပန်းဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအတွက် နှာခေါင်းစည်း၊ မျက်နှာအကာအကွယ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် ပန်းဈေးသို့ သွားရောက်၍ အင်းစိန်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဈေးအတွင်းရှိ ဈေးရောင်းချနေသူများနှင့် ဈေးဝယ်လာ သူများကို နှာခေါင်းစည်းများ၊ မျက်နှာအကာ အကွယ်များနှင့် လက်ကမ်းစာစောင်များကို ဖြန်ဝေခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး အတွက် Hand Speaker ဖြင့် အသိပညာပေးရာတွင် နှာခေါင်းစည်း Maskများကို မေးစေ့တွင်မချိတ်ပဲ နှာခေါင်းနှင့် ပါးစပ်များ တွင် စနစ်တကျတပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာ ဈေးဝယ်ကြရန်၊ လက်များကို စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာကြရန် စသည်တို့ကို အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)