သုံးခွမြို့နယ်တွင်၌ စက်သုံးဆီဆိုင်များနှင့် ဆီသယ်ယာဉ်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေး စစ်ဆေးဆောင်ရွက်

သုံးခွ နိုဝင်ဘာ ၂၈

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် မီးဘေး အန္တရာယ်ကြိုတင် ကာကွယ် နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကစတင်၍ သုံးခွမြို့ပေါ် ရပ်ကွက်အသီးသီးမှ စက်သုံးဆီဆိုင်များနှင့် ဆီသယ် ယာဉ်များအား ‌မီးသတ်ဦးစီးဌာနက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ယခုအချိန်အခါသည် ပွင့်လင်းရာသီကို‌ ရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့နယ် ပြည်သူများမီး‌ ဘေးအန္တရာယ်မှ ကင်း‌ဝေးစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်စေရေးအတွက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် တပ်ဖွဲ့၀င်များက စက်သုံးဆီဆိုင်‌‌ ရောင်းချသော ဆီဆိုင်များတွင် မီးသတ်ဆေးဘူး များထားရှိခြင်းရှိ/ မရှိ၊မီးငြိမ်းသတ်ရာတွင်အ‌‌ ထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် သဲပုံး၊ ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ ထားရှိခြင်း ရှိ/မရှိနှင့် အနီးပတ် ဝန်းကျင် တစ်ဝိုက်တွင် မီးလောင်လွယ်သည့် အမှိုက်သရိုက်များ ထားရှိမှုမရှိစေရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်း များထားရှိခြင်းများကို လိုက်လံစစ်ဆေးခဲ့ပြီး နောက်မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြသ‌‌ခဲ့‌ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်