ပုဇွန်တောင် နိုဝင်ဘာ ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကြိုတင် ကာကွယ် ရေးအတွက် ပြည်သူများ အား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူများက Mask Campaign များကို ရပ်ကွက်များ၊ လမ်းများအလိုက် ကွင်းဆင်း ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက်၈ နာရီအချိန်က ပုဇွန်တောင် စျေးနှင့် လူစည်ကားရာ နေရာများနှင့် ကားဂိတ် တို့တွင် ဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါလမ်းများနှင့် စျေးအတွင်း၌ Mask တပ်ဆင်လာခြင်းမရှိသူများ၊ Mask များအား ရောဂါပိုးအဓိက ကာကွယ် ရမည့်နေရာတွင် တပ်ဆင်ခြင်းမရှိပဲ မေးစေ့တွင် ချိတ်သူများအား နောင်တွင် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ Maskကိုစနစ်တကျ တပ်ဆင်ရေးအတွက် အသိပညာပေးပြောကြားပြီး ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်း (၁၀၀)စောင်၊ mask (၂၀၀) ခု၊ Faceshield (၁၀၀) ခုတို့ကို ပေးဝေခဲ့ကြသည်။
အဆိုပါ Mask Campaign ကိုပြည်သူ များ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကာ ဆောင်ရွက်သွားမှာဖြစ် ကြောင်း ကော်မတီ၏ တာဝန်ရှိသူများထံမှ သိရသည်။
နေခြည် (ပြန် / ဆက်)