ချောင်းဦးမြို့နယ် ရွှေကူကျေးရွာတွင် ပြည်သူ့စကားဝိုင်းကျင်းပ

ချောင်းဦး    ဇန်နဝါရီလ     ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ဌာနဆိုင်ရာများ၊  ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နေ့လယ် ၁နာရီ အချိန်က ရွှေကူကျေးရွာ ရွာသစ်ကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ  ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ‌ဦးကျော်ဆန်းနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊  ဦးအောင်ဘော်တို့မှ အမှာစကားပြောကြားပြီး ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုဝင်း က ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ချောင်းဦးမြို့နယ်  စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှူးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၊ ချောင်းဦးမြို့မရဲစခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်သန်းဆွေထွန်း၊  မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်၊  မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမျိုးအောင်၊ မြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဆွေမျိုးထွန်း၊ မြို့နယ်ကျေးလက်လမ်းဦးစီးမှူး ဒေါ်သီတာဦးနှင့် မြို့နယ်ဌာနဆိုင်ရာများမှ ဦးဆောင်၍ စတင်ဆွေးနွေးခဲ့သည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ တရားဥပဒေရေးရာများ၊ စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လျှပ်စစ်မီးလင်းရေး၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ နိုင်ငံသားစိစစ်ရေးကဏ္ဍ၊ လယ်ယာမြေကဏ္ဍ၊ စိုက်ဘဏ်ချေးငွေကဏ္ဍ၊ ငွေစုငွေချေးကဏ္ဍများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ဆွေးနွေးကြပြီး၊ ရွှေကူကျေးရွာ ကျေးလက်နေပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ချောင်းဦးမြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျေးရွာများအရောက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပြည်သူ့ စကားဝိုင်း(၁၄)ကြိမ်၊ မြို့ပေါ်ပြည်သူ့ စကားဝိုင်း (၅)ကြိမ်၊ စုစုပေါင်း (၁၉) ကြိမ်မြောက်ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူစကားဝိုင်းများကို စဉ်ဆက်မပျက်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ယုယုဝင်း ထံမှ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းသို့ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင် ၊ အမှတ်(၂)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ‌ဦးကျော်ဆန်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဦးအောင်ဘော်နှင့် မြို့နယ်ဌာနဆိုင်ရာ (၁၁) ဌာနမှ ဦးစီးမှူးများ၊ ကျေးလက်နေပြည်သူများ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

အိအိအောင်(ချောင်းဦး)