လှိုင်းဘွဲ နိုဝင်ဘာလ ၃၀
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက် နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အိမ်ထောင်စု (၁၉၉)စု၊ လူဦးရေ (၁၃၆၉)ဦးတို့အား အကျိုးပြု မည့် သပုထို ကျေးရွာအုပ်စု သပုထိုကျေးရွာ ရွာတွင်း ကွန်ကရစ် လမ်းလုပ်ငန်းကို ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှထောက်ပံ့ငွေ ၁၇,၃၀၀,၀၀၀ကျပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၁၁၂၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ)တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ လက်ထောက်နည်းပညာမှူး နန်းဆုမြတ်မေသွယ်၊ လူထုစည်းရုံးရေးမှူး နန်းခမ့်ဗိုတို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ကျေးရွာသူ/ကျေးရွာသားတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)