လှိုင်းဘွဲ နိုဝင်ဘာလ ၃၀
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် စည်ပင်သာယာမြို့မဈေး၊ ယာယီပျံကျဈေးနှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ချို၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး လက်ထောက်ကျန်းမာရေးမှူး ဒေါ်ချိုချိုဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေ နီ တပ်ဖွဲ့တို့က စည်ပင်သာယာ မြို့မဈေး၊ ယာယီပျံကျဈေးနှင့် လူစည်ကားရာနေရာ များတွင် ပြည်သူ့များ အပြင်သွားရာ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား Mask အခမဲ့ဖြန့်ဝေခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လူစုလူဝေး ရှောင်ကြဉ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)