လေရှီးမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး (RS to CS) မျိုးကောင်း မျိုးသန့် စေ့ထုတ်စံကွက် ရိတ်သိမ်းခြင်းဆောင်ရွက်

လေရှီး နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ လေရှီမြို့နယ်တွင် စိုက်ပျိုးရေး ဦးဌာနမှ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထား သည့် တောင်သူဦးလက်ခိုရန်းလယ်ကွက်၌ (RS to CS) မျိုးပွား မျိုးသန့်စေ့စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က ဦးလက်ခိုရန်း လယ်ကွက်၌ ရိတ်သိမ်းခဲ့သည်။

ထိုသို့ စံကွက်ရိတ်သိမ်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးစန်းဝါနှင့် ဝန်ထမ်းများ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးလှမြင့်နှင့် လိုက်ပါ လာသော တာဝန်ရှိသူများက မြေယာဒေသနှင့်ကိုက်ညီသော မျိုးစေ့ရရှိစေပြီး အထွက်နှုန်း ကောင်းပြီး အရည်အသွေးပိုမိုကောင်းမွန်စေရန်ရည်ရွယ်၍ မျိုးစေ့ထုတ်စိုက်ခြင်းဖြစ်ကာ ယနေ့စံကွက်ရိတ်သိမ်းခြင်းတွင် တစ်ဧက လျှင် (၈၀) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း လေရှီးမြို့ စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။

ခဘိုး(လေရှီး)