ဂန့်ဂေါ မတ် ၂၀
လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်းဆောင် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာကို ယမန်နေ့နံနက်ပိုင်းက ဂန့်ဂေါမြို့ မြို့မရပ်ကွက် အဆိုပါကျောင်းဆောင် ဆောက်လုပ်မည့်နေရာ၌ ပြုလုပ်ခဲ့သည်။
ပန္နက်တင်ပွဲတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ ခရိုင်ကျေးလက်ဒေသဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်၊ ခရိုင်သာသနာရေး ဦးစီးဌာနမှူး ဦးမြင့်မော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်တို့က ပန္နက်တင်ပေးကြ၍ အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး၊ ဂန့်ဂေါမြို့ မူလတန်းကြိုကျောင်း (၉၀x၃၀x၁၂)ပေ RCC (၁) ထပ်၊ (၆၀x၃၀x၁၂)ပေ RCC (၂) ထပ်၊ (၂၀x၁၅x၁၂)ပေ RCC (၁) ထပ်ရှိ အဆောက်အဦသစ်ကို (Yaw Brother Co.Ltd)က ဩဂုတ်လကုန်တွင် ပြီးစီးအောင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ပြန်/ဆက်)