ငဖဲမြို့နယ် မာန်အောင်ကျေးရွာ ဘေလီတံတားတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

ငဖဲ နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် မာန်အောင်ကျေးရွာအုပ်စု မာန်အောင်ကျေးရွာအဝင်တွင် ငဖဲမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူတည်ဆောက်သော မာန်အောင် ဘေလီတံတားသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့် တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သန်း၁၅၀ ဖြင့် ပေ ၆၀ ဘေလီတံတားကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလက စတင်တည်ဆောက်ခဲ့ရာ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်ကုန်တွင် ရာနှုန်း ပြည့် တည်ဆောက်ပြီးစီးခဲ့သည်။

မာန်အောင်ကျေးရွာ အဝင်ချောင်းသည် မိုးရာသီကာလ တောင်ကျရေများ တဟုန်ထိုး စီးဆင်းမှု ကြောင့် ချောင်းကူးရေကျော် ရှိသော် လည်း ကျွဲ၊ နွား တိရစ္ဆာန်များ ၊ကျေးရွာပြည်သူများလမ်းပန်း ဆက်သွယ်ရေး သွားလာရ ခက်ခဲသောကြောင့် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မာန်အောင် ဘေလီ တံတားတည် ဆောက်ခြင်း လုပ်ငန်းကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)