အင်းစိန်မြို့နယ်၌ ဘိုကုန်ဈေး တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းအား စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌကြည့်ရှု စစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ဈေး ရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေး တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းအား ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ရွာမ အရှေ့ ရပ်ကွက်၊ မင်းကြီးလမ်းမှ ဘိုကုန်းဈေးတည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းအား EE ဦးစိုးလွင်မှ တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းခွင် သို့ သွားရောက်၍ ကြည့်ရှု စစ်ဆေးရာ လုပ်ငန်း များကို စံချိန်စံညွှန်နှင့်အညီ အချိန်မှီ ပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်တွင် အန္တရာယ်ကင်းစွာ ဆောင်ရွက် ရေးနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများ စသည်တို့ကို ကြည့်ရှုစစ်ဆေး ဆွေးနွေးခဲ့ပြီး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန် အကြံပြု မှာကြားခဲ့သည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)