ကော့မှူး နိုဝင်ဘာ ၃၀
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ကာကွယ်ဆေးထည့်သွင်း ထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေးဆွေး နွေးပွဲကို ယနေနံနက် ၁၀ နာရီက မြို့သစ်ရပ်ကွက် ပြည်သူ့ ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ကော့မှူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးစိုးဝင်း ထွန်းက မြို့နယ် အတွင်း သားအိမ်ခေါင်း ကင်ဆာဆေးထိုးနှံရန် စာရင်းကောက် ထားသည့် အမျိုးသမီး ငယ်(၂၀၀၀)ခန့်ရှိကြောင်း၊ ၂၀၂၀ခုနှစ်ဒီဇင်ဘာ (၂) ရက်နေ့မှ စတင်၍ (၄) ရက်နေ့အထိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေး ဌာနများ၊ ကျေးလက် ကျန်းမာရေး ဌာနခွဲများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ စတင် ထိုးနှံ ပေး သွားမည်ဖြစ်ကြောင်း၊ အမျိုးသမီးငယ် တစ်ဦးအတွက် အိတ်ခ်ျပီဗီ ကာကွယ်ဆေးတစ်ကြိမ်စာ တန်ဖိုးမှာ (၄.၅) အမေရိကန် ဒေါ်လာ ဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေမှ (၁၀) ရာခိုင်နှုန်းနှင့် Gavi, the vaccine alliance မှ (၉၀)ရာခိုင်နှုန်းကုန်ကျပါကြောင်း၊ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် လည်းအား လုံးပူးပေါင်းဆောင် ရွက်ပေးကြပါရန် ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ ၊NGOအဖွဲ့အစည်းများမှ တာဝန်ရှိ သူများတက်ရောက်ခဲ့ ကြ ကြောင်းသိရသည်။
ကျော်သူရ ကော့မှူး