မင်းလှ(အောက်) နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များတွင် အသုံးပြုနိုင်ရန် အတွက် ဒိန်းမတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများပေးအပ် လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်အတွက် ကူညီ ထောက်ပံ့လှူဒါန်းသော Cloth Mask ၃၀၀၀ ခုနှင့် Surgical Mask ၂၅၀ ခုအား လာရောက် လှူဒါန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှ လက်ခံရယူခဲ့ပြီး လာရောက် လှူဒါန်းပေးသူ ဒေါက်တာအောင်မြင့်ထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ပေါက်စ မင်းလှ