တံတားဦးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်သည့် ခရိုင်ချင်းဆက်လမ်းအဆင့်မြှင့်တင် နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

တံတားဦး နိုဝင်ဘာ ၃၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ဝမ်းသာကုန်း ကျေကျေးရွာအုပ်စု ဝမ်းသာကုန်းကျေးရွာ ခရိုင်ချင်းဆက်လမ်း အဆင့်မြှင့်တင်နိုင်ရေး CSR (Corporate Social Responsibility) လုပ်ငန်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် တာဝန်ရှိသူများသည်ယနေ့နံနက်ပိုင်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဝမ်းသာကုန်း-ခရိုင်ချင်းဆက်လမ်းအား အဆင်မြှင့်တင် ဆောင်ရွက် မည်ဖြစ်ကြောင်း ဒေသခံပြည်သူများ  ခရိုင်ချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် SEAP ကုမ္မဏီမှ အလျား (၃၉၀၀) ပေ၊ အကျယ် (၁၈)ပေ၊ အမြင့်() လက်မကို ကွန်ကရစ်လမ်းအဖြစ်အဆင့်မြင့်တင်ရာတွင် ငွေကျပ် သိန်း(၃၅၀) ခန့်ကုန်ကျ မည်ဖြစ်ကြောင်း အရှေ့တောင် အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းက လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ ယခုလို CSR လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ် ကြောင်း  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လမ်းပန်းဆက်သွယ်ရေး အဆင်ပြေပါက ဒေသခံပြည်သူများဖြစ်သော ဝမ်းသာကုန်းကျေးရွာမှ အိမ်ခြေ (၇၅)အိမ်၊ လူဦးရေ(၃၁၇)ဦး၊ ချမ်းသာကုန်းကျေးရွာမှ အိမ်ခြေ(၃၅)အိမ်၊ လူဦးရေ (၁၃၅)ဦး၊ နွားထိုးကြီးမြို့နယ် ကန္နားကျေးရွာအုပ်စု မြင်းစားကျက်ကျေးရွာမှ အိမ်ခြေ(၂၇)အိမ် လူဦးရေ (၁၃၀) ဦး စုစုပေါင်းကျေးရွာသုံးရွာမှ အိမ်ခြေ(၁၃၇)အိမ်၊ လူဦးရေ(၅၈၂)ဦးတို့သည် လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်မည်ဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦး၏ ပြောကြား ချက်အရသိရသည်

ရဲတင့်(တံတားဦး-ပြန်/ဆက်)