ထန်းတပင် (ရန်ကုန်) နိုဝင်ဘာ ၃၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် မြို့တွင်းမှ ပြင်ပသို့ ထွက်ခွာသွားလာသူများ အား အသွားအလာများ စိစစ်ကာစစ်ဆေး ဆောင်ရွက်ခြင်းများကို ယနေ့မွန်းလွဲပိုင်းက မြို့နယ် တာဝန်ရှိသူများက ထန်းတပင် မြို့အဝင်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်က stay home ကာလဖြစ်တဲ့အတွက် MOHS ရဲ့ ညွန်ကြားချက်တွေနဲ့အညီ နေအိမ်ပြင်ပကို သွားလာခွင့်ရှိ သူများမှအပ ကျန်သူတွေပေါ့ မလိုအပ်ဘဲ နေအိမ်ပြင်ပ ကိုထွက်ခွာမှု မရှိစေရေး ဆိုပြီးတော့ လူဝင် လူထွက်များတဲ့နေရာတွေမှာ စစ်ဆေးကြပ်မတ် တာကိုဆောင်ရွက်နေ တာပါ ဒီလိုစစ်ဆေးမှုကိုလည်း stay home ကာလမှ တောက်လျှောက် ဆောင်ရွက် သွား မှာ ဖြစ်ပါတယ်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်း ဇော်လင်းကရှင်းပြသည်။
မြို့ဝင်၊ မြို့ထွက် အသွားအလာများ စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ရာတွင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်၊ အမှတ် (၆၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့ပေါ် ရပ်ကွက် (၅) ခုတို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်အဖွဲ့ဝင်များက ဆောင်ရွက်လျက် ရှိကြောင်း သိရပြီး မြို့တွင်းသို့ တခြားဒေသ မှ လာရောက်လည်ပတ်သူများအား ပြန်လည်စေလွှတ်ခြင်း၊ မြို့တွင်းသို့ ကျန်းမာရေး ကိစ္စရပ်နှင့် ကုန်စည် စီးဆင်း နိုင်စေရေး တို့အတွက် ဝင်ရောက်ပါကလည်း သက်ဆိုင်ရာ ထောက်ခံချက် များအားစိစစ်၍ မြို့နယ်တွင်းသို့ ဝင်ရောက်ခွင့် ပြုခြင်းနှင့် မလိုအပ် ဘဲ နေအိမ်ပြင်ပသို့ မထွက်ခွာစေရေး တို့ဖြင့် အသွားအလာများကို စိစစ် ကြပ်မတ် ဆောင်ရွက်လျက်ရှိသလို နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိပါကလည်း နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေပေးကာ တပ်ဆင်စေခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)