ထန်းတပင်(ရန်ကုန်)၊ နိုဝင်ဘာ ၃၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပျံနှံမှုများမရှိစေ ရေးအတွက် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ အားလုံးပူးပေါင်းကာ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အတွင်း၌ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလ (၂၉)ရက်နေ့၊ နံနက်ပိုင်းက ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်း များ ဆောင်ရွက်နေသည့် အ.ထ.က (ထန်းတပင်) အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စင်တာသို့ သောက်ရေသန့်ဘူးများကို အလှူရှင်တစ်ဦးနှင့် မြို့မပရဟိတ လူငယ်အဖွဲ့ဝင်များက သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်နှံမှုများမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ ခဲ့သူ (Primary Contacts) များအား အ.ထ.က (ထန်းတပင်) အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာတွင် သီးခြားထားကာ အသွားအလာ ကန့်သတ်မှုများကို ဆောင်ရွက်ထားရှိပြီး အ.ထ.က (ထန်းတပင်) စင်တာတွင် အသွားအလာ ကန့်သတ်ထား ရှိသူဦးရေ (၇၇) ဦးထိရှိကြောင်းလည်း သိရသည်။
သောက်ရေသန့်ဘူးများ လှူဒါန်းရာတွင်လည်း အလှူရှင် ဦးအေးနိုင်ထွန်း (ကျော်-ဓာတ်မြေသြ ဇာနှင့် စက်သုံးဆီ ရောင်းဝယ်ရေး) မိသားစုနှင့် မြို့မပရဟိတ လူငယ်အဖွဲ့ဝင်များက သောက်ရေသန့် (၆) လုံးပါ ရေသန့်ကတ် (၃၀) တို့ကို စင်တာမှတာဝန်ရှိသူများထံသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက် (ပြန်/ဆက်)