ကျိုက်မရော နိုဝင်ဘာ ၃၀
မွန်ပြည်နယ်ကျိုက်မရော မြို့နယ်အတွင်း ကိုဗစ်-၁၉ ရော ဂါ ဖြစ်ပွားနေချိန်ကာလအတွင်း Stay at home သတ်မှတ်သည့် အချိန်မှ စတင်ကာတစ်ပိုင်တစ်နိုင် မိမိတို့ ပိုင်ခြံဝင်းအတွင်း အိမ်နောက်ဖေးစျေးဆိုင်တည်ဆိုသည့် အတိုင်း သီးပင်စားပင်စိုက်ပျိုးသည့် လုပ်ငန်းများ ပိုမိုလုပ်ကိုင်လာကြရာ ကိုဗစ်-၁၉ ကာလအတွင်း အိမ်တွင်းဟင်း ချက်စရာ ဖူလုံသည့်အပြင် မိသားစု ဝင်ငွေတိုးပွားရေးအတွက် ဆောင်ရွက်လာနိုင်ပြီ ဖြစ်ကြောင်းသိရသည်။
လက်ရှိအခြေအနေတွင် အသုံးစရိတ်များလျော့၍ အသွားအလာများဆင်ခြင်နေထိုင် နေရသည့် ကာလအတွင်း ကျေးလက်နေပြည်သူ အများစုမှာ အိမ်နောက်ဖေးစျေးဆိုင်တည်သည့် ဟင်းသီဟင်းရွက်စိုက်ပျိုးခြင်းကို ယခင်ကထက် ပို၍လုပ်ကိုင်နေကြ,ရာ ရာသီပေါ်သီးနှံ များဖြစ်ပြီး စိုက်ပျိုးစရိတ် အကုန်အကျသက်သာသည့် ဘူးသီး၊ ခရမ်းသီး၊ ပဲသီး၊ ငရုတ်သီး စသည်ဖြင့် စိုက်ရလွယ် ၍လူတိုင်းမဖြစ်မနေ စားသောက်ရသည့်မီးဖိုချောင်သုံး သီးနှံ ပင်များကို အထူး စိုက်ပျိုးလာကြပြီး ရာသီအလိုက်သီးနှံပင်များကိုလည်း ကြားသီးနှံ အဖြစ် ထည့်သွင်းစိုက်ပျိုးထားကြောင်းသိရသည်၊၊
ယခု ဘူးစင်သည် လွန်ခဲ့သော နှစ်လခန့်ကစတင်စိုက်ပျိုးခဲ့တာဖြစ်ပြီး ယခုတန်ဆောင်မုန်း လတွင် ဆောင်းရာသီ၏ အအေးငွေ့ကိုလည်းရရှိနေပြီဖြစ်၍ဘူးသီး သီးအားမှာ အံ့သြစရာကောင်းလောက်အောင် အထွက်နှုန်းကောင်းကြောင်း၊ တစ်နေ့လျှင် အလုံး ၂၅မှအလုံး ၃၀အတွင်းရှိပြီး ဘူးသီးတစ်လုံးလျှင် အရွယ်အစားအလိုက် အကြီး(၁၀၀၀)ကျပ်နှင့်အသေး (၇၀၀)ကျပ်ခန့် ရောင်းချ နေရပြီး ကျိုက်မရော မြို့မစျေးနှင့် မော်လမြိုင် ဘဲကုန်းစျေး အထိ သုံးဘီးဆိုင်ကယ်များဖြင့် နေ့စဥ် တင်ပို့ရောင်းချနေရ သဖြင့် တစ်နေ့လျှင် ပျှမ်းမျှ ဝင်ငွေ သုံးသောင်းကျော်ရရှိကြောင်း ဘူးသီးအပြင် ဘူးညွန့် ဖြတ်ပြီးရောင်းပါက တစ်နေ့ကိုအစည်း တစ်ရာခန့်ရှိ၍ တစ်သောင်းခန့်ရရှိပြီး ယခုလို ကိုဗစ်-၁၉ ရောဂါကာလ၌ စီးပွားရေးအဆင်ပြေ နေပါသေးကြောင်းကလိုင်း ကနိုင်ကျေးရွာမှ ဘူးသီးတစ်ပိုင်တစ်နိုင်စိုက်ပျိုး နေသူ ဒေါ်အေး မြင့်ထံက သိရသည်။
ချိုချို (ပြန်/ ဆက်)