မကွေး ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး၌ ယခုနှစ် နိုဝင်ဘာ ၃၀ ရက် (ယမန်နေ့) ညပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၃၇)ဦး ထပ်တိုးတွေ့ရှိခဲ့၍ တိုင်းဒေသကြီးအတွင်း ပိုးတွေ့ အတည်ပြုစာရင်း မှာ(၁၄၁၄)ဦးထိ ရှိလာပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုက ရှိနေဆဲပါ၊ နိုဝင်ဘာလ ၃၀ ရက် ဒီကနေ့ မှာတော့ NHL results အရ(၃၂)ဦးနဲ့ RDT results(၅) ဦးဖြစ်ပြီး၊ ပိုးတွေ့ အတည်ပြု လူနာပေါင်း(၃၇) ဦး ထပ်တိုးတွေ့ရှိ ခဲ့တာပါ၊ ပိုးတွေ့တွေ့ရှိခဲ့တဲ့ လူနာတွေက သရက်က(၉) ဦး၊ မြို့သစ်(၁)ဦး၊ ရေနံချောင်း(၂)ဦး၊ မကွေး(၅)ဦး၊ မင်းဘူး(၄)ဦး၊ မြိုင်(၂)ဦး၊ ပခုက္ကူ(၂)ဦး၊ ပေါက်(၁)ဦး၊ ရေစကြို(၁)ဦး၊ အောင်လံ(၅)ဦးနဲ့ စလင်းက(၅)ဦးတို့မှာ တွေ့ရှိတာဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေထဲက အောင်လံ(၂)ဦးနဲ့ စလင်း(၂)ဦး တို့က ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့မှုရှိတဲ့သူတွေဖြစ်ပြီး၊ အသွားအလာကန့်သတ်ထားသူတွေပါ၊ မကွေး(၁)ဦးနဲ့ မြိုင်(၁)ဦးတို့က ယာဉ်မောင်းတွေဖြစ်ပါတယ်၊ ရေစကြို(၁)ဦးက မန္တလေးပြန်လာပြီး အနံ့ပျောက်လက္ခဏာပြလို့ စစ်ဆေးရာက တွေ့ရှိရတာပါ၊ ကျန်သူတွေကတော့ ရန်ကုန်ပြန်၊ မန္တလေး ပြန်(Quarantine Centre)တွေက ဖြစ်ပါတယ်၊ ဒီနေ့ညပိုင်းအချိန်အထိ တိုင်းဒေသကြီး အတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၁၄၁၄) ဦးရှိနေပြီ ဖြစ်တယ်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က အတည်ပြု ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း ယနေ့အချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း(၁၄၁၄)ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက်ဆဲ(၂၈၄)ဦးရှိကာ၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံ ဆင်းခွင့်ရရှိသူ(၁၁၂၇)ဦးနှင့် သေဆုံးသူ(၃)ဦးရှိကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာန မှတ်တမ်းများအရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)