မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စာရန်အိုင့်ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်အရ(RS to CS)မိုးစပါးမျိုးစေ့ထုတ်ကွင်းဆင်းသရုပ်ပြပွဲကျင်းပ

နတ်မောက်  ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပ-လက်ခုပ်ပင် ကျေးရွာ အုပ်စု၊ စာရန်အိုင့်ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်အရ RS to CS မိုးစပါး မျိုးစေ့ ထုတ်ကွင်းဆင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်( ၉ ) နာရီအချိန်ခန့်က စာရန်အိုင့် ကျေးရွာ တောင်သူ ဦးလူလှကွင်းအမှတ် ( ၈၃၆ ) စင်းသုခစပါးမျိုးခင်း တွင်ပြုလုပ်ခဲ့ ကြောင်းသိရ သည်။                                                   

အဆိုပါကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက စင်းသုခစပါး မျိုး မိမိတောင်သူများအား မျိုးရှားပါး မှုမရှိစေရေး မျိုးကောင်းမျိုးသန့်မျိုးစေ့များရရှိနိုင်ရေး တက် ရောက် လာသည့်တောင် သူများအားရှင်းလင်း ပြောကြား ခဲ့သည်။                                                                                                                       “ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ တောင်သူများစိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းမှ မျိုးစေ့ ကို ကြိုက်နှစ် သက်တယ်ဆိုရင်စပါးစိုက်တဲ့တောင်သူအချင်းချင်း ဖလှယ်သည်ဖြစ်စေ ၊ စိုက်ပျိုးရေး ဌာနမှကြားခံအနေနှင့်ဖြစ် စေဆောင်ရွက် ပေးပြီးစျေးနှုန်းသက်သာစွာရရှိနိုင်စေရန် ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။

တောင်သူများ၏အဓိကပြဿနာဖြစ်စေမယ့်မျိုးစေ့များစျေးနှုန်းကြီးကြီးဖြင့်ဝယ်ယူစိုက်ပျိုးရနေလို့တတ်နိုင် သမျှ လျှော့ချရန် တောင်သူကိုယ်တိုင် မျိုးစေ့ ထုတ်နိုင်အောင်နှင့်တောင်သူများကိုယ်တိုင် ပြန်လည် စိုက်ပျိုးနိုင်ရန် ပတ်ဝန်းကျင်တောင်သူများကိုလည်းစျေးနှုန်းသက်သာ စွာဖြင့် ပြန်လည် ဖြန့်ဖြူး ပေးနိုင်ရန် မျိုးစေ့ထုတ်လုပ်ငန်းကို လက်တွေ့ကွင်းဆင်းသရုပ်ပြသလုပ်ဆောင်ခြင်းဖြစ်ပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိကပြောကြားခဲ့ကြောင်းသိရသည်။

လှဝင်း ( နတ်မောက်)