ငဖဲ ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်စေရေး၊လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ကျေးလက် လမ်းဖွံ့ ဖြိုးရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မရိုးကန်-မာန်အောင် ကျောက်လမ်း ခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ က လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
အဆိုပါ မရိုးကန်-မာန်အောင် ကျောက်လမ်းခင်းခြင်းလုပ်ငန်းကို ငဖဲမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၇၉ သန်းဖြင့် တာဝန် ယူဆောင်ရွက် သည့် မရိုးကန်-မာန်အောင်လမ်း အရှည် ၁မိုင် ၂ဖာလုံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကုန်တွင်လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သဖြင့် ကျေးလက်နေဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလွယ်ကူလျက်ရှိကြောင်းသိရသည်။
မယု(ငဖဲ)