ဝက်လက် ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ် အတွင်း ဆောင်းနှမ်းများ စိုက်ပျိုးသော တောင်းသူများအနေဖြင့် ယခင် နှစ်ကထက် အထွက်နှန်းနှင့် အရည်သွေးကောင်းမွန်သော်လည်း လက်ရှိအခြေအနေအရ ယခင်နှစ်ထက် စျေးနှန်း ကျဆင်းနေသဖြင့်တောင်သူများ အခက်တွေ့ လျက်ရှိကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရှိရပါတယ်။
" အရင်နှစ်က ဒီအချိန် ပေါ်ခါစမှာ နှမ်း တစ်တင်းကို ( ၇၈၀၀၀) ကျပ် မှ (၈၀၀၀၀) ကျပ်ထိ ရောင်းချရတယ်၊ယဒီနှစ်မှာတော့ တစ်တင်း ကို (၅၈၀၀၀) ကျပ် မှ၊(၆၀၀၀၀) ကျပ်ထိသာ ရောင်းချရ လို့ စျေးနှုန်းကျဆင်းလို့ တွက်ခြေမကိုက်ပဲ အဆင်မပြေတာလေးတွေ ရှိပါတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဆိုစကားလိုပေါ့၊ စျေးမတက်ရင်တော့ စျေး ဆက်မကျပဲရှိနေရင် တော်အုံးမှာပါ၊နှမ်းတွေလည်းလှိုင်လှိုင်ပေါ်နေပြီဆိုတော့ စျေးလေး ရချင်ပါတယ်" ဟု ဝက်လက်လက်မြို့နယ် ညောင်ပင်ကြီးတော ကျေးရွာနေ နှမ်းစိုက်တောင်သူ ဦးဝင်းနိုင်က ပြောပါတယ်။
အဆိုပါ နှမ်းစိုက်တောင်သူများ အနေဖြင့် နှမ်းစျေးတက်သည်အထိ စောင့်ဆိုင်း၍ မရောင်းချဘဲ သိုလှောင်မထားနိုင်ခြင်း ၊မိမိတို့၏ စာဝတ်နေရေး နှင့် အလုပ်သမားခ အခက်ခဲများကြောင့် နှမ်းများကို အခုရိတ်၊အခုလှမ်း၊ အခုခါကာ စျေးကွက်သို့ချက်ခြင်းရောင်းချနေကြရကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရှိရပါသည်။
စိုးစိုးလှိုင် (ဝက်လက်)