တန့်ဆည် ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် အသက်(၁)နှစ်အောက် ကလေး ငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်း ဆောင်ရွက် ခြင်းကို ယနေ့ နံနက်ပိုင်းက ဗိုလ်မြရပ်ကွက်၊ မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေး ဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ကျန်းမာရေးဝန်ထမ်းများက အသည်း ရောင်အသားဝါ(ဘီ)၊ ပြင်းထန်အဆုပ်ရောင်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ စသည့် (၅)မျိုး စပ်ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး ၎င်းကာကွယ်ဆေးများမှာ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါများကို ကာကွယ်ပေးကြောင်းသိရ သည်။ ထိုသို့ ဆေးထိုး ဆေးတိုက် ဆောင်ရွက်ပေးခြင်းကို အသက်အရွယ်ပိုင်းခြားအလိုက် (၁)လခြား ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြိုပေါ်ရပ်ကွက်များသာမက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့လည်း စုရပ်နေရာသတ်မှတ်၍ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း လုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများကကွင်းဆင်းဆောင်ရွက်ပေး လျှက်ရှိကြောင်း သိရ သည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)