ကမာရွတ်မြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အမှတ် ၇ ရပ်ကွက် ဟံသာဝတီစျေး၌ Mask Campaign ပြုလုပ်ဆောင်ရွက်

ကမာရွတ် ဒီဇင်ဘာ ၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှု ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် အမှတ် ၇ ရပ်ကွက်ရှိ ဟံသာဝတီစျေး၊ နှင့် လူစည်ကား ရာနေရာများတွင် နှာခေါင်းစည်း MASK CAMPAIGN ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မြို့နယ် စည်ပင်သာယာ ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဟံသာဝတီစျေးနှင့်လူစည်ကား ရာနေရာ များတွင် ပြည်သူများ အပြင်သွားရာ နှာခေါင်းစည်း MASK တပ်ဆင်ခြင်း မရှိသူများအား MASK အခမဲ့ဖြန့်ဝေခြင်း၊  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လူစုလူဝေး ရှောင်ကြဉ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကမာရွတ်မြို့နယ်အတွင်းရှိစျေးများတွင် နေ့စဉ် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)